ဘားအံ၊ ဒီဇင်ဘာ ၅ ရက်

၅.၁၂.၂၀၂၅ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အမျိုးသမီးကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ” အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု “ အထိမ်းအမှတ် အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ် အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
