ထားဝယ်၊ ဇန်နဝါရီလ ၂၁ ရက်

၂၃.၁.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဏ္ဍိုင်(၃)ရပ် အပြန်အလှန် ထိန်းကျောင်းခြင်း ဥပဒေအသိပညာဆွေးနွေးပွဲကို ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ထားဝယ်ခရိုင်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
