မကွေးတိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်းနှင့် လွှတ်တော် အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မကွေး၊ ဒီဇင်ဘာလ ၃၁ ရက်

၃၁-၁၂-၂၀၂၅ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်၍ တိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်းနှင့် လွှတ်တော် အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)