မကွေးမြို့ ပညာရေးဒီဂရီကောလိပ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး (တိုင်းဒေသကြီးအဆင့်) ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇန်နဝါရီလ ၃ ရက်

၃-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ ပညာရေးဒီဂရီကောလိပ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး (တိုင်းဒေသကြီးအဆင့်) ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တပ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသ ကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေး တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)