မကွေး၊ ဇန်နဝါရီလ ၂၁ ရက်

၂၁-၁-၂၀၂၆ ရက်နေ့ နေ့လယ်အချိန်က မကွေးတက္ကသိုလ်၊ ဥပဒေပညာဌာနသို့ ဥပဒေစာအုပ် များအား ကျောင်းသား၊ ကျောင်းသူများကို မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများက ၂၀၂၄ ခုနှစ် ဥပဒေ၊ ၂၀၂၄ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအမိန့်နှင့်ကြေညာချက်များ၊ ဥပဒေ ပညာဂျာနယ်(Law Journal) အတွဲ(၁၆)၊ အမှတ်(၂)၊ အထွေထွေဥပဒေအကြံဉာဏ်ပေးရေးဌာနခွဲ၏ အမှုကိုင်အရာရှိများလက်စွဲ(Manual of Miscellaneous Legal Advice Division)၊ The Legal Translation Commission ဥပဒေဘာသာပြန်ကော်မရှင်စာအုပ်အမှတ်(၁၅) မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေ၊ The Legal Translation Commission ဥပဒေဘာသာပြန်ကော်မရှင်စာအုပ် အမှတ်(၁၆) စုစုပေါင်း (၉၀)အုပ်အား ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
