မကွေး၊ ဇန်နဝါရီလ ၁၉ ရက်

၁၉-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင် များနှင့် ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
