မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂၆ ရက်

၂၆.၁၂.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်ရှိ ဒေသန္တရအမျိုးသမီး သားဖွားဆေးခန်း၌ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပသည့် အသိပညာပေး ဟောပြောပွဲတွင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၊ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်လှိုင်မှ အမျိုးသမီးငယ်များ၏လုံခြုံမှုနှင့်ပတ်သက်သည့် ဥပဒေအသိပညာပေး ဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။
(သတင်းစဉ်)
