မကွေး၊ ဖေဖော်ဝါရီ ၄ ရက်

၄-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်းအတွင်း ဆောက်လုပ်ပြီးစီးခဲ့သော ဖန်ခါးမြေ လ.ဝ.က မြတ်ဓမ္မာရုံနှင့် အမျိုးသားဆောင်ဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ မြို့နယ် အသီးသီးမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
