မကွေး၊ ဖေဖော်ဝါရီ ၁၈ ၊ ၁၉ ရက်

၁၈-၂-၂၀၂၆ ရက်နေ့နှင့် ၁၉-၂-၂၀၂၆ရက်နေ့ နေ့လယ်(၁:၀၀)အချိန်က မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ပါမောက္ခဦးလှအောင်ခန်းမ၌ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆောင်၍ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိများ၊ လ/ထတိုင်းဒေသကြီး ဥပဒေအရာရှိများက အဖွဲ့(၄)ဖွဲ့ ခွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ဥပဒေစကားဝိုင်းပြုလုပ်ခြင်း၊ အမေး၊ အဖြေများပြုလုပ် ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
