မကွေး၊ ဖေဖော်ဝါရီ ၂၀ ရက်

၂၀-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) (၂၁)မြောက် ဘွဲ့နှင်းသဘင်ခန်းမ၌ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)အနေဖြင့် “မြန်မာနိုင်ငံနှင့် ဒေသ အတွင်း ဦးဆောင်သော အခြေခံကျန်းမာရေးတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ရန်” ဟူသော မြင့်မား သည့် မျှော်မှန်းချက် (Vision)ကို အောင်မြင်စေဖို့၊ “အရည်အချင်း ပြည့်ဝသော အခြေခံကျန်းမာရေး ပညာရှင်များ မွေးထုတ်ရန်၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို နှီးနွှယ်ဌာနများနှင့် ပူးပေါင်း၍ အပြည့်အဝပေးရန်နှင့် အရည်အသွေးရှိသော ပြည်သူ့အကျိုးပြု သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်” ဟူသော လုပ်ငန်းတာဝန် (Mission) (၃)ရပ်ကို ချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
