မကွေးမြို့၊ မြသလွန်ကုန်းတော် မဟာဝိဇယရံသီတန်ဆောင်းတော်၌  ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခြင်းခံရသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၂ ရက်

၂-၃-၂၀၂၆ ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီအချိန်က မကွေးမြို့၊ မြသလွန်ကုန်းတော် မဟာဝိဇယရံသီတန်ဆောင်းတော်၌  ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခြင်းခံရသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)