မကွေး၊ မတ်လ ၂၁ ရက်

၂၁-၃-၂၀၂၆ ရက်နေ့က ညနေပိုင်းက (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မကွေးမြို့၊ ကမ်းနားလမ်း ကင်းပန်းခြံအတွင်းရှိ King Resort နှင့် Love Paradise Entertainment ဖွင့်ပွဲ အခမ်းအနားကို ကင်းပန်းခြံရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်း/ ခရိုင် /မြိုနယ် အဆင့်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
