၂၀၂၆ ခုနှစ်၊ မကွေးတိုင်း ဒေသကြီး (၈၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား တက်ရောက်

မကွေး၊ မတ်လ ၂၈ ရက်

၂၈-၃-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌  ၂၀၂၆ ခုနှစ်၊ မကွေးတိုင်း ဒေသကြီး (၈၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ နယ်မြေခံတပ်နယ်မှတပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊  တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်ဆုရရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)