မကွေးတိုင်းဒေသကြီး ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းသို့တက်ရောက်

မကွေး၊ ဧပြီ ၁၀ ရက်

၁၀-၄-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၁၃၈၇ ခုနှစ် လမ်းလျှောက်အတာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအေးလွင်၊ လမ်းလျှောက်အတာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

(သတင်းစဉ်)