မကွေး၊ ဧပြီ ၃၀ ရက်

၃၀-၄-၂၀၂၆ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန်က မကွေးမြို့ မြသလွန်စေတီတော်ရင်ပြင်၌ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၈)ကျောင်းမှ ဆရာတော်သံဃာတော်(၉၈)ပါး၊ သီလရှင် ကျောင်း(၂၄)ကျောင်းမှ သီလရှင်ဆရာမကြီး(၂၅)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီးအကဲများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မကွေး တိုင်းဒေသကြီးဥပဒေချုပ်ဦးအေးလွင်၊တက္ကသိုလ်အသီးသီးရှိပါမောက္ခချုပ်များ၊မကွေးတိုင်းဒေသကြီးဥပဒေအရာရှိဒေါ်လှလှဆွေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်၍ စုပေါင်းလောင်းလှူပူဇော်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
