မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀

၁၀.၁.၂၀၂၆ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သည့် ၇၈ နှစ်မြောက် ကချင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲနှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်သည့်အခမ်းအနား သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
