မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁

၃၁.၁.၂၀၂၆ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ တွင် ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးထိန်လင်းကျော်တို့ ဦးဆောင်၍ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။
(သတင်းစဉ်)
