မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၄

၄.၂.၂၀၂၆ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်သည့် မီးဘေးကြိုတင် ကာကွယ်ရေးဟောပြောခြင်း နှင့် မီးငြိမ်းသတ်မှုသရုပ်ပြသခြင်းအခမ်းအနား သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
