၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက် ပိုစတာ ဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့နှင့် မြို့တော်ခန်းမတို့၌ ကျင်းပပြုလုပ်ရာသို့ တက်ရောက်

မကွေး၊ မေလ ၂၅ ရက်

၂၅-၅-၂၀၂၆ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက် ပိုစတာ ဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့နှင့် မြို့တော်ခန်းမတို့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံခံတပ်နယ်မှ အကြီးအကဲ များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌ၊ တိုင်းဒေကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးအေးလွင်၊ တက္ကသိုလ်နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)