မကွေး၊ မေလ ၂၆ ရက်

၂၆-၅-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများအား ဥပဒေအသိပညာပြန့်ပွားစေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် “ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများအား သိသင့်သိထိုက်သည့် ဥပဒေများရှင်းလင်းပွဲ” ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွတ်တော် ဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေး နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဥပဒေအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
