ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ (မကွေး) အပတ်စဉ် (၂၈) သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်း၊ ဒသမအကြိမ် သူနာပြု-သားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇွန် ၉ ရက်

၉-၆-၂၀၂၆ ရက်နေ့ မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ (မကွေး) အပတ်စဉ် (၂၈) သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်း၊ ဒသမအကြိမ် သူနာပြု-သားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီး များ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးအေးလွင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာသင်ကြားရေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း မောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)