မကွေး၊ ဇွန် ၁၃ ရက်

၁၃-၆-၂၀၂၆ ရက်နေ့ နံနက် (၇:၃၀)အချိန်က မကွေးမြို့၊ မကွေးတက္ကသိုလ်ဝန်းအတွင်း၌ မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတုမျှတရေး၊ သစ်တောသစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲများကို ဆောင်ရွက်လျက်ရှိရာ၊ ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး(ပထမ)အကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ဦးအေးလွင်၊ တိုင်းဒေသကြီးအမျိုးသမီး ရေးရာအဖွဲ့ နာယကနှင့် အဖွဲဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
