မကွေး၊ ဇွန်

၂-၆-၂၀၂၆၊ ၁၅-၆-၂၀၂၆၊ ၁၉-၆-၂၀၂၆၊ ၂၂-၆-၂၀၂၆၊ ၂၆-၆-၂၀၂၆၊ ၂၉-၆-၂၀၂၆၊ ၃-၇-၂၀၂၆၊ ၆-၇-၂၀၂၆ ရက်နေ့တို့တွင် တနင်္လာနေ့ နံနက်(၉:၀၀)နာရီအချိန် နှင့် သောကြာနေ့ ညနေ(၄:၀၀) နာရီ အချိန်တို့တွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးရှေ့၌ ဒုတိယတိုင်းဒေသကြီးဥပဒေ အရာရှိ ဦးဆွေလွင်ထွန်း ဦးဆောင်၍ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးတို့မှ အရာထမ်း၊ အမှုထမ်းများက နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို ရွတ်ဆို၍ နိုင်ငံတော်အလံကို အလေးပြုခဲ့ကြောင်း သတင်း ရရှိပါသည်။
(သတင်းစဉ်)
