

နေပြည်တော်၊ နိုဝင်ဘာ ၁၅
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် International Institute For Democracy and Electoral Assistance (IDEA) မှ အကြီးအကဲဖြစ်သူ Mr. Mark Mcdowell ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် IDEA တို့ ပူးပေါင်းကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲရလဒ်များ၊ ဥပဒေအရာရှိများအတွက် အတွေ့အကြုံဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ရှေ့နေချုပ်ရုံး၏အခန်းကဏ္ဍများနှင့် စပ်လျဉ်း၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲ များနှင့် သင်တန်းများ၊ IDEA သုတေသန ဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ စသည်တို့ကို ဆွေးနွေးခဲ့ ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေတို့လည်း တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
