မြစ်ကြီးနား၊ ဇွန် ၂၆ ရက်

(၂၆.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၁၅၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမတွင် ကျင်းပသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲအခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး နှင့် ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦး၊ ပြည်နယ်/ခရိုင်/မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
