(၂၅.၆.၂၀၂၆)မှ(၂၉.၆.၂၀၂၆)ရက်နေ့ထိ မြစ်ကြီးနားမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကချင်ပြည်နယ် သံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ)မှကြီးမှူးကျင်းပသော သံဃနာယက နှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းတွင် ဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပို့ချ

မြစ်ကြီးနား၊ ဇွန် ၂၅ ရက်

(၂၅.၆.၂၀၂၆)မှ(၂၉.၆.၂၀၂၆)ရက်နေ့ထိ မြစ်ကြီးနားမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကချင်ပြည်နယ် သံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ)မှကြီးမှူးကျင်းပသော သံဃနာယက နှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းတွင် ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက ဘာသာသာသနာဆိုင်ရာ ပြစ်မှုများကို လည်းကောင်း၊ ရုံးအဖွဲ့မှူး ဦးစံဖေက ဘာသာသာသနာနှင့်ဆိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)