ပြည်ထောင်စုရှေ့နေချုပ်သည် IDLO မှ Field Program Manager ဖြစ်သူ Ms. Christina Beninger ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၊ နိုင်ငံတကာရှေ့နေများအသင်းမှ Director ဖြစ်သူ Dr. Phillip Tahmindjis AM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အား သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ၄

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် IDLO မှ Field Program Manager ဖြစ်သူ Ms. Christina Beninger ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်၁၁:၃၀ အချိန်တွင် လည်းကောင်း၊ နိုင်ငံတကာရှေ့နေများအသင်းမှ Director ဖြစ်သူ Dr. Phillip Tahmindjis AM ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား မွန်းလွဲ ၁၄:၀၀ အချိန်တွင်လည်းကောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။

          IDLO မှကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် IDLO က လေ့လာပြုစုထားသည့် သင်တန်းလိုအပ်ချက် စစ်တမ်းအစီရင်ခံစာပါ တွေ့ရှိချက်များနှင့် အကြံပြုချက်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သင်တန်းဆိုင်ရာ များ တိုးတက်ကောင်းမွန်လာစေရေး အတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ IDLO နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာနှင့်အညီ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရေး၊ Fair Trial Standard စာအုပ် အမြန်ဆုံး ထုတ်ပြန်နိုင်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

          နိုင်ငံတကာရှေ့နေများအသင်းမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ Bar Council Act နှင့် Legal Practitioners Act တို့အား အသစ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ ရှေ့နေများ၏ ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံတကာရှေ့နေများအသင်း တို့အကြား ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲများသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါ်ခင်ချိုအုန်း၊ ဒေါက်တာသီတာဦး နှင့် ဦးမင်းဆွေ တို့လည်း တက်ရောက်ခဲ့ပါသည်။

(သတင်းစဉ်)