တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ် Dr. Cui Zhiyou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေလ ၂၉

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှေ့နေချုပ် Dr. Cui Zhiyou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၁၆:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို အခြေခံ၍ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ဥပဒေ ရေးရာကဏ္ဍတွင် အတွေ့အကြုံများ ဖလှယ်၍ ဥပဒေအရာရှိများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး နှင့် ငွေကြေးဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ ဒေသတွင်း ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ နမ်နင်းမြို့ တွင် ဖွင့်လှစ်ထားသည့် တရုတ်-အာဆီယံ ဥပဒေရေးရာ အခြေပြုသင်တန်းနှင့် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံ Website တို့တွင် ပါဝင်ကူညီနိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။

          အဆိုပါ  တွေ့ဆုံပွဲသို့   ဒုတိယရှေ့နေချုပ်   ဦးဝင်းမြင့်၊  အမြဲတမ်းအတွင်းဝန်  ဒေါ်နုနုယဉ်၊  ညွှန်ကြားရေးမှူးချုပ်များ   ဖြစ်ကြသည့် ဦးမင်းဆွေနှင့် ဒေါက်တာသီတာဦးတို့လည်း  တက်ရောက်ခဲ့ကြပါသည်။

                                                                                                (သတင်းစဉ်)