ပြည်ထောင်စုရှေ့နေချုပ်က ပြည်ပမှ ဥပဒေပညာရှင် အဖွဲ့အသီးသီးအား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော် ၊ မေ ၁၇

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် UNDP နှင့် My Justice တို့မှ တာဝန်ရှိသူများအားလည်းကောင်း၊ မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် My Justice Programme Team Leader ဖြစ်သူနှင့် International Bridges to Justice (IBJ) အဖွဲ့မှ တာဝန်ရှိသူအသီးသီးအား ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

နံနက်ပိုင်း UNDP၊ My Justice တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် တရားဥပဒေစိုးမိုးရေး ဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အကြံပေးအဖွဲ့ဖွဲ့စည်းရန် နှင့် လုပ်ငန်းတာဝန်များသတ်မှတ်ရန် တို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မွန်းလွဲပိုင်းတွင်  My Justice Programme Team Leader ဖြစ်သူ Ms. Caitlin Reigerနှင့် IBJ မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံစဉ် Justice Centresများတိုးချဲ့မည့်ကိစ္စရပ်များ၊ IBJ မှ  My Justice နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လက်ခံတွေ့ဆသည့် ကိစ္စရပ် များကို ဆွေးနွေး ပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲများသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)