ပြည်ထောင်စုရှေ့နေချုပ်က တရားလွှတ်တော်ရှေ့နေများကောင်စီတတိယအကြိမ် အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ မေ၁၆

    ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဌအဖြစ် ဆောင်ရွက်သော တရားလွှတ်တော်ရှေ့နေများကောင်စီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးတွင်  တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် တင်ပြသည့် လျှောက်လွှာ ၃၇၄ စောင် အားစိစစ်အတည်ပြုနိုင်ခဲ့ပါသည်။ ၎င်းပြင် တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေပုဒ်မ ၁၀(၁)အရအရေးယူမှုပြုရန် သင့် မသင့် သဘောထားပေးရန် ကိစ္စရပ် များ၊ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများ၏ ကျင့်ဝတ်သိက္ခာနှင့် စပ်လျဉ်း၍ တင်ပြစာများအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ လွှဲပြောင်းပေးသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ဒုတိယဥက္ကဌဒုတိယရှေ့နေချုပ်နှင့် အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး၊ တရားလွှတ်တော်ရှေ့နေများ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ပြီးအစည်းအဝေးအားမွန်းလွဲပိုင်းတွင် ရပ်နားခဲ့ပါသည်။

(သတင်းစဉ်)