ဒုတိယရှေ့နေချုပ်က ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးမှုအဖွဲ့ (DFID) မှ အကြံပေးအရာရှိအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

         ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် သည် ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးမှုအဖွဲ့မှ အကြံပေးအရာရှိ Mr. Joe Rolling ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁၄:၀၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ‘တရားဥပဒေစိုးမိုးရေးဆီသို့’ ဟူသည့် မဟာဗျူဟာအရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊  ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းစဉ် များနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန်ရေး အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် DFID တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

       တွေ့ဆုံပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ သီသီမြင့် တို့လည်း တက်ရောက်ခဲ့ကြပါသည်။