ပြည်ထောင်စုရှေ့နေချုပ်က My Justice Team မှ တာဝန်ခံ Ms. Caitlin Reiger အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၂၆

             ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် My Justice Team မှတာဝန်ခံ Ms. Caitlin Reiger ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

           ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဌာနများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ EU ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော My Justice Centres များ၏ လုပ်ငန်းအခြေအနေများနှင့် ဆက်လက် တိုးချဲ့ဆောင်ရွက်မည့်လုပ်ငန်း ကိစ္စရပ်များ၊ ပြည်သူများအား ဥပဒေအသိပညာပေးရေးနှင့် ဥပဒေအထောက်အကူပေးရေး လုပ်ငန်းများအတွက် လေ့လာဆန်းစစ်မှုများနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

              တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတန်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)