တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့ဝင်များ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆) ကျင်းပခြင်း

နေပြည်တော်၊ ဒီဇင်ဘာလ ၃

         တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆) ကို ၃-၁၂-၂၀၁၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

           အစည်းအဝေးတွင် တရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ ယခုကာလတွင် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် ပြည်သူများအား ဥပဒေဆိုင်ရာအထောက်အကူများပေးရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ တရားလွှတ်တော်ရှေ့နေများ ကောင်စီအနေဖြင့်လည်း တရားလွှတ်တော်ရှေ့နေများက ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာကြစေရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ကဏ္ဍများတိုးတက်ရေးအတွက် တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရဲတပ်ဖွဲ့အပါအဝင် တရားစွဲအဖွဲ့အစည်းများသာမက ရှေ့နေများ၊ အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြမှ အောင်မြင်မည်ဖြစ်ကြာင်း၊ အားလုံးကစေတနာမှန်မှန်နှင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန်လိုကြာင်း၊ အစိုးရအနေဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေချိန်မှာတရားစီရင်ရေးယန္တရားအပေါ် ပြည်သူများယုံကြည် ကိုးစားမူရှိရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြာင်း၊ တရားစီရင်ရေးယန္တရားအတွင်းမှာပါဝင်သည့် ရှေ့နေများအနေဖြင့်လည်း မိမိတို့၏ တာဝန်ရှိမှု၊ အရေးပါမူကိုသိရှိပြီးပူးပေါင်းဆောင်ရွက် ကြစေလိုကြာင်း၊ တရားလွှတ်တော်ရှေ့နေများအနေဖြင့် မိမိတို့၏ ပညာရပ်ဆိုင်ရာတိုးတက်မှု၊ ကျင့်ဝတ်သိက္ခာမြင့်မားမှုတို့ကို တန်ဖိုးထားကြရမည်ဖြစ် ကြောင်း၊ တရားလွှတ်တော် ရှေ့နေများကောင်စီအနေဖြင့် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားကြစေလိုကြောင်း မှာကြားပါသည်။ ယခုအစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းထားသည့် လျှောက်လွှာ ၃၄၁ စောင်အား စိစစ်အတည်ပြု ထောက်ခံပေးခဲ့ကြောင်း သိရသည်။