ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့အကြား“ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးပွဲ ”ကျင်းပပြုလုပ်ခြင်း

   နေပြည်တော်၊ ဒီဇင်ဘာလ ၁

    ၁-၁၂-၂၀၁၆ရက်နေ့(၁၅:၀၀)နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အလယ်ထပ် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့အကြား   “ တရားဥပဒေ စိုးမိုး ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ MoU လက်မှတ် ရေးထိုးပွဲ” ကျင်းပပြုလုပ်ပါသည်။

         အဆိုပါ အခမ်းအနားတွင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ယခုကဲ့သို့ MoU လက်မှတ် ရေးထိုးပွဲအခမ်းအနားကျင်းပပြုလုပ်နိုင်ခြင်းကြောင့််နိုင်ငံအစိုးရနှင့် သံအမတ်ကြီးတို့ကို အထူး ကျေးဇူး တင်ရှိပါကြောင်း၊ ယခု MoU စာချုပ်သည် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဖွံ့ဖြိုး တိုးတက် မှုကိုအကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်တစ်ရပ်ဖြစ်သဖြင့် နည်းပညာဆိုင်ရာ အကူအညီနှင့်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များအတွက် များစွာအထောက်အပံ့ ဖြစ်စေ ပါကြောင်းပြောကြားပါသည်။
ဒိန်းမတ်နိုင်ငံသံအမတ်ကြီး Mr. Peter Lysholt Hansen က ယခုကဲ့သို့ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကိုဖော်ပြသော MoU စာချုပ်ချုပ်ဆိုနိုင်ခြင်းကို ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ အခမ်းအနားသို့ ကြွရောက်လာကြသော ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြား၍ အစီအစဉ်အတိုင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်ကလည်းကောင်း၊ ဒိန်းမတ်နိုင်ငံအစိုးရ ကိုယ်စားသံအမတ်ကြီး Mr. Peter က လည်းကောင်းသတ်မှတ်စာချုပ်အသီးသီးတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယရှေ့နေချုပ်နှင့်အတူအမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှုးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှုးချုပ်များ တက်ရောက်ခဲ့ကြပါသည်။