စင်ကာပူနိုင်ငံတွင် ကျင်းပသည့် စင်ကာပူနိုင်ငံ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ ဒုတိယအကြိမ်မြောက် ပူးတွဲကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ  ၉

           ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦး​ဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၈ ရက် နေ့အထိ ကျင်းပသည့် စင်ကာပူနိုင်ငံ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့၏ ဒုတိယအကြိမ်မြောက် ပူးတွဲကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုရှေ့နေချုပ်သည် တရားဥပဒေစိုးမိုး ရေးနှင့်တရားမျှတမှုကဏ္ဍများနှင့် သက်ဆိုင်သည့်ပြည်သူများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပေးသည့်စင်တာ၊ ဥပဒေအထောက် အကူပြု ရေးစင်တာများ၊ ဥပဒေပညာရှင်အဖွဲ့အစည်းတို့အပြင် စီးပွားရေးဆိုင်ရာ အငြင်းပွား မှုများကို ဖြေရှင်းပေးသည့်  စင်ကာပူအပြည်ပြည်ဆိုင်ရာစီးပွားရေး တရားရုံးနှင့် စင်ကာပူ အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးတို့သို့ သွားရောက် လေ့လာခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ်သည် စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E Mr. V K Rajah S.C နှင့် တွေ့ဆုံ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စင်ကာပူနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ဥပဒေရေးရာလုပ်ငန်း နယ်ပယ်များကို ဆွေးနွေးခဲ့ကြပါသည်။

             ထို့အပြင် ပြည်ထောင်စုရှေ့နေချုပ်နှင့် စင်ကာပူနိုင်ငံ ဥပဒေရေးရာ ဝန်ကြီး ဌာန Senior Minister of State ဖြစ်သူ H.E Ms. Indranee Rajah တို့သည် ဒုတိယအကြိမ်မြောက် ပူးတွဲကော်မတီအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ဥပဒေအရာရှိ များအတွက် တရားစွဲနှင့်အမှုလိုက်လုပ်ငန်း၊ စီးပွားရေးစာချုပ်စာတမ်း၊ ဥပဒေ ရေးဆွဲရေး၊ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များနှင့် စပ်လျဉ်း သည့် ညှိနှိုင်းဆွေးနွေးမှုများ၊ စေ့စပ်ညှိနှိုင်းသူများ (Mediator) စသည်တို့အတွက် သင်တန်းများပို့ချပေးနိုင်ရေး၊ စင်ကာပူနိုင်ငံတွင် မဟာဥပဒေဘွဲ့သင်တန်းများ တက်ရောက်သင်ကြားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ ကြပါသည်။

   ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်နှင့်ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဟိန်း တို့လည်းလိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။