နေပြည်တော် ဇူလိုင် ၁၁


ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ်၏ ကိုယ်စား ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖောင်ဒေးရှင်း(ILF)မှ အမှုဆောင် ညွှန်ကြား ရေးမှူး Ms. Jennifer Smith နှင့်အဖွဲ့အား ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပါသည်။
လက်ခံတွေ့ဆုံဆွေးနွေးရာတွင် ILF သည် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြစ်မှုဖြင့်စွပ်စွဲခံရသူများ ကို ဥပဒေရေးရာ အထောက်အကူများ ပံ့ပိုးပေးလျက်ရှိရာ တရားစွဲအမှုလိုက်လုပ်ငန်းများတွင် မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းလာစေရေး၊ အမှုလိုက် ဥပဒေအရာရှိများအတွက် လိုအပ်သောသင်တန်းများကို စီစဉ်ဆောင်ရွက်ရေး၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ ချမှတ်နိုင်ရေးစသည်တို့ကို ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ်နှင့်အတူ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူး ဦးအောင်သျှန်တို့လည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
