ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ခရိုင်/ မြို့နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပဲခူး၊  ဩဂုတ် ၁၂

 

 

 

 

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ခရိုင်/ မြို့နယ်ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ခရိုင်/ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဥပဒေချုပ်က လမ်းညွှန် အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးဥပဒေအရာရှိက ပြည်ထောင်စုအစိုးရအဖွဲ့၏ ရည်မှန်းချက်ပန်းတိုင်များ၊ မူဝါဒများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရည်မှန်းချက် ပန်းတိုင် တို့ကို ချပြရှင်းလင်းပြီး အဆင့်ဆင့်သော ဥပဒေရုံးများအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရည်မှန်းချက် ပန်းတိုင်များ၊ မူဝါဒများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရည်မှန်းချက် ပန်းတိုင်များ၊ မူဝါဒများကို လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး ဥပဒေရုံးများအနေဖြင့် အများပြည်သူ ယုံကြည်လေးစားရသော ရုံးများဖြစ်ရေး၊ မိမိရုံး၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်ပြီး ပွင့်လင်းမြင်သာမှုရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်/ မြို့နယ်ဥပဒေအရာရှိများ၏ ဆွေးနွေးတင်ပြချက် များကို တိုင်းဒေသကြီးဥပဒေအရာရှိက ပြန်လည်ရှင်းလင်းကာ အစည်းအဝေးကို နေ့လည်(၁၂:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးစီးကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)