နေပြည်တော်၊ သြဂုတ် ၂၃

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Wouster Jurgens အား ယနေ့နံနက် ၁၀:၃၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ဒီမိုကရေစီစနစ်ကူးပြောင်းမှုတွင် အခြေခံကျသည့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအကောင်အထည်ဖော်ရေး၊ ရင်းနှီးမြှုပ်နှံမှုများအား အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေမူဘောင်များ တိုးတက်ကောင်းမွန်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ရေး၊ သတင်းမီဒီယာများ၏ အခန်းကဏ္ဍ တိုးတက်လာရေး၊ နှစ်နိုင်ငံဥပဒေပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အတွေ့အကြုံဖလှယ်ရေး၊ ပညာတော်သင်များ စေလွှတ်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် ၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်သန်းအောင် တို့ တက်ရောက်ခဲ့ကြပါသည်။
သတင်းစဉ်
