ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် ၁၁ ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ တက်ရောက်

နေပြည်တော်၊ သြဂုတ် ၁၅

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၄-၁၅ ရက်နေ့များတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါစရီဘီဂါဝမ်မြို့၌ ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ ထိုညီလာခံတွင် ဆိုက်ဘာပြစ်မှုများတိုက်ဖျက်ခြင်း၊ ဆိုက်ဘာ လုံခြုံရေး ခြိမ်းခြောက်မှုများကို တားဆီးကာကွယ်ခြင်းနှင့် အခြားသော ဆိုက်ဘာ ပြစ်မှုများနှင့် ဆက်နွယ်သည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကြီးများကို တိုက်ဖျက်ခြင်း စသည်တို့ကို ဆွေးနွေးခဲ့ပြီး တရုတ်-အာဆီယံ ပူးတွဲကြေညာချက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါညီလာခံသို့ ညွှန်ကြားရေးမှူး ဒေါ်ယုယုခင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်လွင်တို့ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)