မချမ်းဘော့၊ သြဂုတ် ၃၀


၃၀.၈.၂၀၁၈ ရက်နေ့တွင် ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အ.လ.က(ခွဲ) အလန်ဂါးကျေးရွာ စာသင်ကျောင်း၌ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာမချမ်းဘော့မြို့နယ် ဥပဒေအရာရှိ ဦးသန်းထိုက်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ရာဇသတ်ကြီး ဥပဒေပါအကြောင်းအရာ တို့အား ကျောင်းသူ၊ကျောင်းသားများသို့ အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၁၅၂ယောက် နှင့် ဆရာ၊ ဆရာမ ၉ ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
