မချမ်းဘော့၊ သြဂုတ် ၂၄

၂၄.၈.၂၀၁၈ ရက်နေ့တွင်ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အ.လ.က.မချမ်းဘော့ စာသင်ကျောင်း၌ ဥပဒေအသိပညာပေးဟောပြောခဲ့ရာ မချမ်းဘော့မြို့နယ် ဥပဒေအရာရှိ ဦးသန်းထိုက် မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေနှင့်ရာဇသတ်ကြီးဥပဒေပါအကြောင်းအရာတို့အား ကျောင်းသူ၊ကျောင်းသားများသို့ အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ အလယ်တန်းကျောင်းသား၊ ကျေင်းသူ ၁၅၀ ဦးနှင့် ဆရာ၊ ဆရာမ ၆ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
