နေပြည်တော်၊ သြဂုတ် ၃၁

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် International Bridges to Justice(IBJ) မြန်မာရုံးခွဲမှ Country Program Director ဖြစ်သူ Mr. Jim Taylar အား ယနေ့နံနက် ၁၀:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဥပဒေအရ ရပိုင်ခွင့် ရှိသည့် စွပ်စွဲခံရသူ၏ အခွင့်အရေးများ အကာအကွယ်ပေးရေးကိစ္စ၊ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ၊ IBJ က တရားမျှတမှု စင်တာများ ဖွင့်လှစ် ဆောင်ရွက်နေမှုနှင့် စွပ်စွဲခံရသူများအတွက် ဥပဒေရေးရာ အထောက်အကူများ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးမှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင် ချိုအုန်းတို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
