နေပြည်တော်၊ စက်တင်ဘာ ၄




ပြည်ထောင်စုရှေ့နေချုပ် ဦထွန်းထွန်းဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ ဒုတိယရှေ့နေချုပ် Mr. Luo Shaohua အား ယနေ့ ညနေ ၁၆:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဥပဒေရေးရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများနှင့် ပညာသင်ဆုများ ဆက်လက်ပံ့ပိုးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများတွင် အတွေ့အကြုံများ ဖလှယ်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာတွင် အပြန်အလှန် အကူအညီပေးရေး၊ ရှေ့နေချုပ်ရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါ်ခင်ချိုအုန်း၊ ဦးမင်းဆွေ၊ ဒေါက်တာသီတာဦးတို့ တက် ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
