ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့၊ အထက်တန်းကျောင်းခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

 ကော့ကရိတ်၊ သြဂုတ်၂၆

     ၂၆.၈.၂၀၁၈ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့၊ အထက်တန်း ကျောင်း၌ လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် ကော့ကရိတ် ခရိုင်ဥပဒေအရာရှိ ဦးကျော်မင်းနိုင် မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ရာ အဆိုပါစကားဝိုင်းတွင် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်သူများအင်အား(၇၀၀)ကျော် တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)