တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များဆွေးနွေးပွဲနှင့် ဥပဒေအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဘားအံ ၊ အောက်တိုဘာ ၁

     (၁.၁၀.၂၀၁၈)ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်၌ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သော တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များဆွေးနွေးပွဲနှင့် ဥပဒေအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို အဖွဲ့ဝင်များနှင့် ကရင်ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)