ငဖဲ၊ အောက်တိုဘာ ၁၉




ငဖဲမြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ကို ၁၉-၁၀-၂၀၁၈ ရက်နေ့နံနက် (၀၉:၀၀)နာရီ (သောကြာနေ့) အချိန်တွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးဝင်းနိုင်၊ ခရိုင်ဥပဒေအရာရှိ ဦးလေးလွင်၊ ငဖဲမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ငဖဲမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အခမ်းအနားတက်ရောက်သူ စုစုပေါင်း (၆၀)ဦးကျော်ခန့် တက်ရောက်ပြီး အခမ်းအနားအစီအစဉ်ကို အစီအစဉ် (၁၁)ရပ်ဖြင့် ပြုလုပ်ကျင်းပကာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်က ကျေးဇူးတင်စကားပြောကြားခြင်း၊ မကွေးအောင်မင်းဆောက်လုပ်ရေးကုမ္ပဏီက အဆောက်အအုံ ဆောက်လုပ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ထို့နောက် ဖွင့်ပွဲအထိန်းအမှတ်အလံ ပေးအပ်ခြင်းတို့ပြုလုပ်ခဲ့ကာ ငဖဲမြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်တို့ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ငဖဲမြို့နယ်ဥပဒေရုံးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်းနှင့် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးခြင်းတို့ ပြုလုပ်ခဲ့ခြင်း၊ ငဖဲမြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်တို့ကို လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ခြင်းတို့ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
(သတင်းစဉ်)
