၉၈ နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ

(၂၀.၁၁.၂၀၁၈) ရက်နေ့ နံနက်(၈:၃၀)အချိန် ကရင်ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(လူထုဗဟိုပြုဌာန)၌ (၉၈) နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲအားကျင်းပခဲ့ရာ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးနှင့်တကွ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ စာပေ ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များက စာအုပ်အရောင်းဆိုင်များအား ကြည့်ရှုအားပေးခဲ့ကြ ပါသည်။