တောင်ကြီး၊ ဒီဇင်ဘာ ၁၇



ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို (၁၇.၁၂.၂၀၁၈) ရက်နေ့ နံနက်ပိုင်း ၈:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အတွင်းရှိ ဥပဒေအရာရှိ (၆၈) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဥပဒေအရာရှိ ဦးတင့်ဝေမှ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံကို ထပ်ဆင့်ရှင်းခဲ့ပြီး၊ တက်ရောက်လာသည့် ဥပဒေအရာရှိများမှ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းခဲ့၍ အခမ်းအနားကို နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
