တောင်ကြီး ဒီဇင်ဘာ ၁၅



ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် JICA တို့ပူးပေါင်း၍ Seminar on Handling IP Issues and Forensic Evidence including DNA and Digital Evidence ကို (၁၅.၁၂.၂၀၁၈)ရက်နေ့နှင့် Seminar on Secrutininzing Joint Venture Agreement and land lease Agreement ကို (၁၆.၁၂.၂၀၁၈) ရက်နေ့တို့တွင် တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အတွင်းရှိ ဥပဒေအရာရှိ (၄၀)ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနား ပထမနေ့တွင် ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနား ပထမနေ့တွင် JiCA မှ တာဝန်ရှိသူ Mr.Kazunori NOSE နှင့် Ms.Tmoko NAKASHIMA တို့က ဆွေးနွေး ပို့ချခဲ့ပြီး၊ အခမ်းအနား ဒုတိယနေ့၌ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ စီးပွားရေးစာချုပ်စာတမ်းများဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်သန်းအောင်နှင့် ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ ရေဝတာတို့မှ ဆွေးနွေးပို့ချခဲ့ကြပါကြောင်း သတင်းအကျဉ်း ပေးပို့တင်ပြအပ်ပါသည်။
သတင်းစဉ်
