အမျိုးသမီးများနှင့် မိန်းကလေးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

လယ်ဝေး  ဒီဇင်ဘာ  ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအစီအစဉ်အား နေပြည်တော်အမျိုးသမီးကော်မတီဝင်များနှင့် ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း(နေပြည်တော်)တို့ ပူးပေါင်း၍ အမျိုးသမီးများနှင့် မိန်းကလေးများ အပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲအား လယ်ဝေးမြို့နယ်ဥပဒေရုံးမှ  ဒု-မြို့နယ်ဥပဒေအရာရှိ ဒေါ်စုလွင်လွင်ငြိမ်းက ကန်လှကျေးရွာ၌ ဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းစဉ်